
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးကို မင်းဘူးမြို့နယ် အတွင်းရှိကျေးရွာများအပြင် မကွေး၊ စကု၊ ပွင့်ဖြူ၊ တောင်တွင်းကြီးမြို့တို့မှလည်းမှာ ယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၈၀၀)ဖြင့် ရောင်းချ လျက်ရှိပြီး (ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၃၁၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၃၀၀)ဈေးကျဆင်းအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် မင်းဘူးမြို့နယ်အတွင်း ကျေးရွာများရှိ တစ်နိုင်တစ်ပိုင်ခရမ်းသီးစိုက်ခင်းများ စတင်ထွက်ပေါ်လာသည့် အပြင် မှာယူရောင်းချရာ အခြားဒေသများတွင်လည်း လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်သောကြောင့် ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)