Main menu

သထုံခရိုင်၏ ဆန်စပါးစျေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Powered by Drupal

      သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် သြဂုတ်လ၏ နောက်ဆုံးအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီး နှင့် အခြားခရိုင် မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၅၀၀) အိတ်ခန့်၊ ကရင် ပြည်နယ်သို့  (၂၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၂၅) တန်၊ စီးထွက်ခဲ့ပါသည်။ ယခုသြဂုတ်လ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်သို့ (၂၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၂၅)တန်ခန့်၊ စီးထွက်ခဲ့ပြီး ယခင် တိယအပတ်နှင့် နှိုင်းယှဥ်ပါက ပုံမှန်အတိုင်းစီးထွက်ခဲ့ ပါသည်။

     သထုံခရိုင်အတွင်းသို့ သြဂုတ်လ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်း ဒေသကြီးမှ (၂၄၀၀) အိတ်ခန့်၊  ပဲခူးတိုင်းဒေသကြီးမှ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၆) တန်ခန့်စီးဝင်ခဲ့ပြီး ယခုသြဂုတ်လ၏ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၂၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၂၅) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်တတိယအပတ်နှင့်နှိုင်းယှဥ်ပါက ပို၍စီးဝင်ခဲ့ပါသည်။

    သထုံခရိုင်အတွင်း၌ ယခုသြဂုတ်လ၏ နောက်ဆုံးအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၃၀၀၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ    (၂၆၀၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၈၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၃၀၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၂၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၁၅၀၀၀ိ/-) ခန့်၊   ကမာကြည် (၇၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၅၅၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)