ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးများ ရိတ်သိမ်းမှုများပြီးစီးမှုအနေအထားကိုတွေ့ရှိရပြီး၊ မိုးစပါးစိုက်ပျိုးမှုများတွင် မိုးကြို စိုက်ပျိုးထားရှိမှုများမှ အနှံထွက်ရှိလာမှုကိုတွေ့ရပါ သည်။ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ခင်းအချို့ စက်တင်ဘာလ၏ နောက်ဆုံးပတ်ခန့်တွင် ရိတ်သိမ်းလာမည်ဖြစ်ပါသည်။ဇေယျာသိရိမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမှုရက်(90)စပါးမျိုးများသာ စိုက် ပျိုးနေမှုတွေရပြီး၊ မတ်ပဲအချိန်နောက်မကျစေရေးအတွက် မျိုးရွေးချယ်အသုံးပြုခဲ့သည်ဟုသိရပါသည်။ ဒေသတွင်းစပါးကြိတ်ခွဲမှုများတွင် ယခင်နှစ်မိုးစပါးဟောင်းများ ကြိတ်ခွဲနေမှုအများဆုံးတွေ့ရှိနေရပြီး၊ မနော သုခစပါးစျေးနှုန်း(14)ပိဿာတစ်တင်း (20000)ကျပ်ရှိနေပါသည်။မနောသုခ(စက်ကျ)တစ်အိတ် စျေးနှုန်းတွင်လည်း (67000)ကျပ်မှ (70000)ကျပ် အတွင်းစျေးနှုန်းဖြစ်ပေါ်နေမှုကို တွေ့ရပါသည်။ ဒေသတွင်းကြိတ်ခွဲမှုများမှ မိုးဆန်(အဟောင်း)နှင့် နွေဆန်(သစ်)များ မန္တလေးတိုင်းတွင်းရှိ စျေးကွက် များသို့ တင်ပို့မှုအနည်းငယ်ရှိခဲ့သည်ကို တွေ့ရပါသည်။ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီး တို့မှ ဧည့်မထဆန် မျိုးစုံဝင်ရောက်မှု ယခင်ထက် ပိုမိုလာခဲ့ပြီး၊ စျေးနှုန်းအနေဖြင့် (1) အိတ်(70000)ကျပ် ခန့်ဝန်းကျင်ရှိနေပါသည်။
ဒေသတွင်းစိုက်ပျိုးထွက်ရှိမှုများတွင် ဆီထွက်သီးနှံများ ထွက်ရှိမှုအများဆုံးတွေရှိနေရပြီး၊ နှမ်းရိတ်သိမ်းပြီးစီးမှု အနေအထားနှင့် မြေပဲနှင့်နေကြာ ဖြိုင်ဖြိုင်ထွက်ရှိနေဆဲကို တွေ့ရှိရပါသည်။ ဆီထွက်သီးနှံစျေးနှုန်းများတည်ငြိမ်မှုမရှိ၊ မန္တလေးစျေးကွက်တွင် ဖြစ်ပေါ်ပြောင်းလဲမှ အနေအထားများ အရဖြစ်ပေါ်ပြောင်းလဲမှုများခဲ့သည်ကို သိရှိရပါသည်။
DOCA (ပြည်ထောင်စုနယ်မြေ)