ဒေသတွင်း မွေးမြူရေးခြံများတွင် ရာသီဥတုအနေအထားအရ မွေးမြူမှုအရေအတွက် လျော့ကျ ခဲ့ပြီး၊ ဈေးကွက်လိုအပ်ချက်များအား ပြည့်မီနိုင်ခြင်း မရှိခဲ့ပါ။ ဈေးကွက်လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းနိုင်ရန် မန္တလေးတိုင်းအတွင်းရှိ မွေးမြူရေးခြံများမှ သွားရောက်ဝယ်ယူရမှုများ ရှိခဲ့သဖြင့် ကုန်ကျစရိတ်များ မြင့်တက်မှုရှိခဲ့ပါသည်။ ဒေသတွင်း မွေးမြူရေးခြံများမှ ဝယ်ယူရာတွင် လည်း လက်ကားဒိုင်များမှ ပြိုင်ဆိုင်မှုအနေအထားဖြင့် ဈေးမြှင့်ဝယ်ယူမှုများရှိခဲ့ပါသည်။ ဒေသတွင်း မွေးမြူ ရေးခြံများတွင် ကြက်အကောင်လိုက်(အရှင်) ခြံဖမ်းဈေး တစ်ပိဿာ (၁၄၈၀၀)ကျပ် ရှိခဲ့ပြီး၊ လက်ကား ဒိုင်များမှ အကောင်လိုက် လက်ကားဈေးနှုန်း(၁၇၆၀၀)ကျပ် ရှိနေသဖြင့် လက်လီ(ခုတ်သား) ဈေးနှုန်းတွင် မြင့်တက်မှုရှိလာခဲ့ပါသည်။
ဒေသတွင်း မွေးမြူမှုများမှ မန္တလေးဈေးကွက်နှင့် ရှမ်း(တောင်) ဈေးကွက်များသို့ တင်ပို့မှု လျော့ကျခဲ့ပါသည်။ ဒေသတွင်း တစ်နိုင်တစ်ပိုင်မွေးမြူမှုများမှ ဝယ်ယူရရှိမှုပိုမိုခဲ့ပြီး မွေးမြူရေးခြံများ မှလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုပိုမိုခဲ့သည်ကို တွေ့ရှိရပါသည်။ ရာသီဥတုအနေအထားအရ ရောဂါကျရောက်မည် စိုးရိမ်သဖြင့် ဝက်ရောင်းချမှုမြင့်တက်ခဲ့ပြီး၊ ဝက်အကောင်လိုက်(အရှင်) တစ်ပိဿာဈေးနှုန်း (၁၇၀၀၀)ကျပ်သို့ ရောက်ရှိလာသဖြင့် လက်လီဈေးကွက်တွင် နိမ့်ကျမှုရှိလာခဲ့ပါသည်။
DOCA (ပြည်ထောင်စုနယ်မြေ)