
ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချနေသော ပုစွန်ခြောက်များ သည် ရခိုင်ဘက်မှလာသော ပုစွန်ခြောက်များရှိသလို ပုသိမ်ဘက်မှလာသော ပုစွန်ခြောက်များလည်းရှိ ကြောင်း သိရှိရပါသည်။ ပုစွန်ခြောက်သည် ရာသီမရွေးပုံမှန်အရောင်းအဝယ်ဖြစ်သော ကုန်ခြောက် ပစ္စည်းတစ်မျိုးလည်းဖြစ်ပါသည်။ ပုစွန်ခြောက်ဝင်ရောက်သည့်ဒေသနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါသည်။ ပုစွန်ခြောက် အကောင်ကြီးရှယ် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀၀၊ အလတ်စား တစ်ပိဿာလျှင် ၁၃၀၀၀၀ ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၂၀၀၀၀- ၁၁၀၀၀၀ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်းသိရှိရပါသည်။ ပုစွန်ခြောက်အသေးအမှုန့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၀၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)