Main menu

စားသုံးသူ၊ ထုတ်လုပ်သူ Win Win ဖြစ်စေဖို့ ကွင်းဆင်းအသိပညာပေးကြစို့

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများ သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်း ချက်များအားလိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွား အောင်မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်၍(၁၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒေသတွင်း စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော မြေပဲဆားလှော် မြေပဲဆုံဆီ နှင့် စားသုံးဆီ ထုတ်လုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက် ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ အကြောင်း ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သောကုန်စည် အမျိုးအစားအလိုက် စားသုံးသူကာကွယ် ရေးဥပဒေ (၂၀၁၉)အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန်လျှောက်ထားနိုင်ကြောင်း၊ မြေပဲ ဆားလှော်နှင့် မြေပဲဆုံဆီထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းများကိုသာ အသုံးပြုစေလိုကြောင်း၊ မြေပဲများတွင် စနစ်တကျအခြောက်ခံခြင်းမရှိပါက အာဖလာတော့ပ်ဆင်မှိုဆိပ် ကျရောက်နိုင်၍သတိပြုလုပ်ဆောင်စေလိုကြောင်း၊ နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေသည့် ကုန်စည်ကိုတိုက်ရိုက်ရောင်းချခြင်း(သို့) သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ် ရန် နှင့် အာမခံပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးရန် စသည့်အချက်များမှာ မိမိတို့၏ တာဝန်များဖြစ်သောကြောင့် တိကျစွာလိုက်နာဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ဌာနမှစစ်ဆေးရေး အရာရှိများမှလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု မရှိသောထုတ်ကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှလျော့နည်း ပပျောက်အောင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက် ခြင်းဖြင့်ဈေးကွက်များပိုမိုရရှိလာနိုင်ပြီး စားသုံးသူများမှလည်း လုံခြုံစိတ်ချရသောကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးများရရှိစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(မကွေး)