
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ဩဂုတ်လ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံ သီးနှံများ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပြည်ပ ဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်း၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံ သီးနှံဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ ပေါ်ရှိကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည် ထုတ်ရောင်းမှုများကြောင်း၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ (၃၀)ဝင် အိတ် (၃၀၀-၃၅၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် အရောင်းအဝယ်ဖြစ်သောဈေးနှုန်းမှာ ဖေဖော် ဝါရီလတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် အမြင့်ဈေး ကျပ်(၉၃၀၀၀-၉၂၀၀၀)၊ မတ်လတွင် ပဲစဉ်းငုံနီ တစ် တင်းလျှင် ကျပ်(၉၄၅၀၀-၉၃၀၀၀)၊ ဧပြီလတွင် တစ်တင်းလျှင် ကျပ်(၉၃၀၀၀-၉၂၆၀၀)၊ မေလတွင် တစ်တင်းလျှင် ကျပ်(၇၈၀၀၀-၇၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇွန်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ်(၈၆၀၀၀-၈၅၀၀၀)ဖြင့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင် (တတိယပတ်)တွင် ဈေးဆက်လက်မြင့်တက်၍ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၈၈၀၀၀-၈၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုဩဂုတ်လ (စတုတ္ထပတ်)တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၇၈၀၀၀-၈၀၂၀၀) ဈေးနှုန်းအနည်းကျဆင်း အရောင်းအဝယ်ဖြစ်ပြီး ဈေးကွက်သို့ ကုန်ဝင်သ လောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိ ကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။
DOCA (မကွေး)