Main menu

ပခုက္ကူမြို့တွင် ဘိလပ်မြေဈေးနှုန်းများတည်ငြိမ်လျက်ရှိ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဟိန်းစည်၊ ကျော်၊ မိုးမခ၊ ကံဟိန်း၊ သိန်းနှင့် ဂန့်ဂေါဆိုင်များတွင် အိမ်ဆောက်ပစ္စည်း များအပြင် ဘိလပ်မြေများလည်း ရောင်းချလျက်ရှိပါသည်။ အများအားဖြင့် ရောင်းချသော ဘိလပ်မြေ အမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အယ်လ်ဖာနှင့် အပါချီ ဘိလပ်မြေများရောင်းချလျက်ရှိပြီး ကြံ့နှစ်ကောင် ဘိလပ်မြေမှာ ရောင်းအားအကောင်းဆုံး ဘိလပ်မြေ ဖြစ်ကြောင်း  အိမ်ဆောက်ပစ္စည်း ဆိုင်များမှ သိရှိရပါသည်။ ဈေးနှုန်ူးများအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)တွင်  ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင်ကျပ် (၁၇၅၀၀)၊ အပါချီ တစ်အိတ်လျှင်  ကျပ်(၁၇၅၀၀) ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု ဩဂုတ်လ(စတုတ္ထပတ်)တွင် ဘိလပ်မြေများ  အများဆုံးဝင်ရောက်လျက်ရှိပြီး ဈေးနှုန်း အနေဖြင့် ကြံ့နှစ်ကောင် တစ်အိတ်လျှင်ကျပ် (၁၇၅၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ် (၁၇၅၀၀) ဖြစ်၍ ဩဂုတ်လ(ပထမပတ်)နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်အကျမရှိ တည်ငြိမ်နေကြောင်း အိမ်ဆောက်ပစ္စည်းဆိုင်များမှ သိရှိရပါသည်။

 DOCA (မကွေး)