
ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် အာလူးများကို မန္တလေးမြို့ မှမှာယူရောင်းချကြကြောင်း၊ အခြားမြို့မှ ဝယ်ယူရသည့်အပြင် ရွှေဘို-မန္တလေးကားလမ်းမှာလည်း ပတ်လမ်းမှသယ်ယူရသဖြင့် သယ်ယူစရိတ်များ မြင့်တက်ကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယ) အပတ်တွင် ဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ အသေး(၁)ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်၊ အကြီး(၁)ပိဿာလျှင် (၈၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် စားသုံးများသာမက ပူတင်းလုပ်ငန်းလုပ်သည့်လုပ်ငန်းရှင်၊ အကြော်စုံလုပ်ငန်းရှင်နှင့် အာလူးကြော် လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)