Main menu

ပေါ်ဦးပေါ်ဖျား တည်သီး(အကျွတ်သီး) ဈေးနှုန်းဈေးကွက်

Powered by Drupal

           

                  ရွှေဘိုမြို့ဈေးကွက်အတွင်းတွင် ဩဂုတ်လ ဒုတိယပတ်မှစတင်၍ တည်သီးများ စတင် ဝင်ရောက်လာကာ၊ တည်သီးများကို မန္တလေးမြို့ပွဲရုံများမှ မှာယူရောင်းချရကြောင်း သိရပါသည်။

                         တည်သီး စားသုံးပေးခြင်းဖြင့် အစာခြေစနစ်ကောင်းမွန်ခြင်း၊ ဗီတာမင်စီ ပါဝင်သဖြင့် ကိုယ်ခံအား မြင့်တက်စေခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ အသည်းကျန်းမာစေခြင်း စသည့် ကျန်းမာရေး ကောင်းကျိုးများစွာရှိသည်ဟု သိရသည်။

          ၂၀၂၅ခုနှစ် ဩဂုတ်လ ဒုတိယပတ်တွင် တည်သီးအလုံး အကြီး/ အသေးပေါ် မူတည်၍ အကြီးတစ်ပိဿာလျင် (၁၀၀၀၀)ကျပ်၊ အသေးတစ်ပိဿာလျင်(၇၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ သစ်သီး ရောင်းချသူများထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)