
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ(မြို့မ) ဈေးအတွင်း၌ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ(တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၀၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ် သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့် ရောင်းချနေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။