
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် မိုးနေကြာ (၅၈၃)ဧကကို ဇွန်နှင့်ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးခဲ့ကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွင် ရိတ်သိမ်းရမည်ကြောင်း ၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၅) တင်းခန့် ထွက်ရှိခဲ့ ကြောင်း၊ ယခုနှစ်ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် (၅၀) တင်း မျှော်မှန်းထားသော်လည်း ရာသီဥတုနှင့်စိုက်ပျိုးနည်းစနစ် အပေါ်မူတည်၍ ကွဲပြားမှုများရှိကြောင်း သိရှိရပါသည်။
လက်ရှိပေါက်ဈေးအနေဖြင့် နေကြာစေ့တစ်ပိဿာလျင် (၅၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာ လျင် (၁၈၀၀၀- ၁၉၀၀၀) ကျပ် ၊ နေကြာဖတ် တစ်ပိဿာလျင် (၁၀၀၀) ကျပ်၊ ဈေးပေါက်လျက်ရှိ ကြောင်း၊ တောင်သူများအနေဖြင့် နေကြာကို ဆီကြိတ်စာသုံးရန်အတွက်သာ စိုက်ပျိုးပြီး ရောင်းချမှု နည်းပါးကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)