Main menu

စားအုန်းဆီဖြန့်ဖြူးရောင်းချမှုစနစ်တကျရှိစေရေးကွင်းဆင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့်ဝန်ထမ်းများသည် ၁၆-၈-၂၀၂၅ ရက်နေ့တွင် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာနှင့်ဘားကပ်ကျေးရွာရှိ စားအုန်းဆီအရောင်း ဆိုင်များသို့ ကွင်းဆင်း၍ စားအုန်းဆီများ ရောင်းချမှုစနစ်တကျရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစီစစ်ရာတွင် သတ်မှတ်ရည်ညွှန်ဈေးဖြင့် ဖြန့်ဖြူရောင်းချသော စားအုန်းဆီ အရောင်းဆိုင်များအနေဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိစေရေး၊ အလေးချိန်အရေအတွက်နှင့် အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်အရည်အတွက်အတိုင်း ဖြန့်ဖြူးရောင်းချစေရေးတို့အား စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရသည်။

     ကရင်ပြည်နယ်အတွင်း ကုမ္ပဏီ (၄)ခုမှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးသောအရောင်း ချလျက်ရှိသောဆိုင်များမှာ ဘားအံမြို့နယ် (၃၁)နေရာနှင့် ဘားအံမြို့အနီးတဝိုက်ကျေးရွာတွင် (၇)နေရာ အခြားမြို့နယ်တွင် (၆)စုစုပေါင်း လက်လီအရောင်းဆိုင် (၄၄)ဆိုင်မှ စားသုံးသူ ပြည်သူများ ထံသို့ သတ်မှတ်ဈေးအတိုင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

DOCA(ကရင်)