Main menu

အုတ်ဖိုမြို့နယ်အတွင်းရှိအခြေခံစားသောက်ကုန်ဈေးနှုန်း၊ဈေးကွက်အခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် မြို့မဈေးကြီးအတွင်း ၂၀၂၅ ခုနှစ် ဩဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးတွေ့ရှိမှုအရ ကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်၊ကုလားပဲခြမ်းစိမ်းနို့ဆီဗူး(၁) ဗူးလျှင် ၉၀၀ ကျပ်၊ ပဲထောပတ်(၁)ဗူး ၁၂၀၀ ကျပ်၊ပဲနီ(၁)ဗူး ၁၂၀၀ ကျပ်၊မြေပဲ(၁)ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ငရုတ်သီးခြောက်မိုးထောင်တစ်ပိဿာ ၁၅၀၀၀ ကျပ်နှင့် ငရုတ်ပွတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။အာလူး(ရှမ်း)တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ပုံမှန်ဈေးရှိကြောင်း သိရှိရပါသည်။

     ကြက်သွန်ဖြူနှင့်အချိုမှုန့်များတက်ဈေးသို့ ဦးတည်နေပြီးကျန်ကုန်ပစ္စည်းများ ပုံမှန်ဈေးသာရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)