ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့ မြို့မဈေးကြီးအတွင်း ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းဝယ်နေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၂၀၀၀၀၀) ကျပ်၊ဧည့်မထဆန် တစ်အိတ်လျှင် (၆၂၀၀၀)ကျပ်၊ စားဆီဈေးနှုန်းများမှာ မြေပဲဆီ (၁)ပိဿာ(၁၇၀၀၀)ကျပ်၊ နှမ်းဆီ(၁)ပိဿာ (၁၇၅၀၀)ကျပ် ဖြင့် ရောင်းချနေကြောင်း သိရပါသည်။ သား၊ငါး ဈေးနှုန်းများမှာ ဆိတ်သား (၁)ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဒေသကြက် (၁)ပိဿာ လျှင် (၃၅၀၀၀)ကျပ်၊ အင်းမ ငါးကြင်းတစ်ပိဿာ (၁၇၀၀၀)ကျပ်၊ cpကြက် (၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာ လျှင် (၂၈၀၀၀)ကျပ် ၊ အမဲသား (၁)ပိဿာလျှင်(၂၅၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၄၀၀ ကျပ်မှ ၄၅၀ကျပ်)၊ ဘဲဥတစ်လုံး လျှင်(၆၀၀-၆၅၀)ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)