Main menu

မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

Powered by Drupal

   မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် စားဖိုဆောင်သီးနှံများ ဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ပန်း‌ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ဘိုစားပဲများကို ရန်ကုန်မြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

 ယခု ဩဂုတ်လ ဒုတိယပတ်တွင် မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများဖြစ်သည့် ပန်းဂေါ်ဖီဈေးနှုန်းမှာ အပွင့်ကြီးတစ်ပွင့်လျှင် (၄၀၀၀) ကျပ်၊ အပွင့်လတ် တစ်ပွင့်လျှင် (၃၅၀၀) ကျပ်၊ အပွင့်သေး တစ်ပွင့်လျှင် (၃၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ဘိုစားပဲ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ယခုဝါတွင်းကာလတွင် ကုန်စိမ်းသီးနှံများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)