
မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းနံဘေးတွင် တည်ရှိပြီး မြစ်ချောင်းများပေါ များသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ရေချို၊ ရေငံငါးထွက်ရှိသော ပြည်နယ်တစ်ခုဖြစ် သည်။ ယခုလို မိုးရာသီတွင် ရေချို၊ ရေငံ ငါးပေါများစွာထွက်ရှိပြီး ငါးနှပ်(ခေါ်)အာဗြဲငါးအစိုများ ပေါများစွာထွက်ရှိလျှက်ရှိသည်။ အဆိုပါ ငါးနှပ်များကို ဒေသခံများက ဆီပြန်ချက်ခြင်း၊ မွန်ရိုးရာ ငါးနှပ်ဟင်းချဉ်စပ်ချက်စားခြင်းဖြင့် ထမင်းမြိန်စေသော ဟင်းလျားများဖြစ်ကြသည်။ မွန်ချက် ငါးနှပ်ဟင်းချဉ်စပ်ကို ဒေသခံများသာမက အခြားဒေသမှလူမျိုးများပါ ကြိုက်နှစ်သက်သော ဟင်းလျာတစ်မျိုးဖြစ်သည်။
အဆိုပါ ငါးနှပ်(ခေါ်)အာဗြဲငါးများကို မွန်ပြည်နယ်အတွင်းရှိ ဈေးများတွင် ပေါများစွာ တွေ့ရသည်။ ငါးနှပ်(ခေါ်)အာဗြဲငါးအစို တစ်ပိဿာလျှင် အကြီး (၁၂၀၀၀) ကျပ်၊ အလတ် (၁၀၀၀၀) ကျပ်၊ အသေး (၉၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိသည်။
DOCA(မွန်)