Main menu

ဘားအံမြို့ဒေသထွက် ကင်ပွန်းချဉ်ရွက်၊ဆူးပုပ်ရွက် ဈေးနှုန်း

Powered by Drupal

   ကရင်ပြည်နယ်၊ ဘားအံမြို့ဈေးကွက်အတွင်း ဟင်းသီးဟင်းရွက်ဖြစ်သည့် ဘားအံမြို့ဒေသထွက် ကင်ပွန်းချဉ်ရွက်၊ဆူးပုပ်ရွက်များ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

    ဘားအံမြို့ အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည် ကင်ပွန်းချဉ်ရွက်နှင့် ဆူးပုပ်ရွက်များကို တပိုင်တနိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ဒေသထွက် ကင်ပွန်းချဉ်ရွက်နှင့်ဆူးပုပ်ရွက်များကို ဘားအံမြို့ပေါ်ဈေးများတွင် အစည်းလိုက်လားရောက်ရောင်း ချကြသည်။ ကင်ပွန်းချဉ်ရွက်ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် အစည်းကြီးတစ်စည်းလျှင်(၃၀၀၀)ကျပ်၊ အစည်းသေး တစ်စည်းလျှင် (၈၀၀) ကျပ်၊ အစည်းသေး( ၃ )စည်းပါ တစ်စည်းလျှင်(၂၀၀၀)ကျပ်နှုန်း နှင့် ဆူးပုပ်ရွက်ဈေးနှုန်းများမှာ ဆူးပုပ်ရွက် အစည်းသေးတစ်စည်းလျှင် (၅၀၀)ကျပ်၊  (၅)စည်းပါ အစည်းကြီး တစ်စည်းလျှင်(၂၀၀၀)ကျပ်နှုန်းတို့ဖြစ် ဈေးကောင်းရကာ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)