Main menu

ဟုမ္မလင်းဒေသထွက်ငါးရံ့ခြောက်ဈေးကောင်းရရှိနေ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းမြို့တွင်  ယခုအချိန် မိုးရာသီဖြစ်သောကြောင့် ငါးများ၊ငါးရံ့များ လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်၍ ရောင်းအားကောင်းနေကြောင်း သိရသည်။ ငါးရံ့များကို အခြောက်လှန်းကာ ဟုမ္မလင်းဒေသထွက် ငါးရံ့ခြောက် တစ်ပိဿာလျှင် အကောင်အရွယ်အစားပေါ်မူတည်၍  ကျပ် ၈၀၀၀၀ မှ ကျပ်၂၀၀၀၀၀ ထိရှိပြီး အသင့်စား၍ရသော မီးကင်ထားသည့် ငါးရံ့ခြောက် တစ်ဆယ်သား တစ်ဘူးလျှင် ၂၅၀၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။ ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့များသို့ တင်ပို့ရောင်းချပြီး လက်ဆောင်ပေးရန် ဝယ်ယူမှုများလည်း ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)