Main menu

မုံရွာမြို့တွင် ရောင်းချနေသော ငှက်ပျောဈေးနှုန်း

Powered by Drupal

  ငှက်ပျောကို မုံရွာမြို့ဒေသဝန်းကျင်ရှိ ကနီ၊ ဘုတလင်၊ အရာတော်မြို့နယ်များမှ အဓိကစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ငှက်ပျောများစွာရှိသည့်အနက် ဈေးကွက်ဝယ်လိုအား ရှိသည့် ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောမျိုး များကို အဓိကစိုက်ပျိုးကြပြီး မုံရွာ၊ မန္တလေး ဈေးကွက် သို့ တင်ပို့ကြောင်းသိရှိရပါသည်။လက်ရှိ မုံရွာငှက်ပျော ဈေးကွက်၌ ငှက်ပျောဖီးကြမ်းတစ်ဖီးလျှင် အရွယ်အစားပေါ်မူတည်၍ ( ၁၅၀၀ )ကျပ်မှ ( ၃၀၀၀ )ကျပ်ဖြင့် လည်းကောင်း ၊ သီးမွှေး တစ်ဖီးလျှင် ( ၁၀၀၀ )ကျပ်မှ ( ၂၅၀၀ )ကျပ်ဖြင့်လည်းကောင်း၊ ငှက်ပျောခြောက် တစ်ပိဿာလျှင် ကျပ်( ၈၀၀၀ )ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုလအတွင်း မုံရွာငှက်ပျောဈေးကွက် အတွင်း ငှက်ပျောအဝင်များသကဲ့သို့ ယခင်လကထက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)