
ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် နာနတ်သီးများလှိုင်လှိုင်ပေါသော ရာသီဖြစ် ပြီး ရှမ်းပြည်(မြောက်ပိုင်း)ဒေသဖြစ်သည့် ကွတ်ခိုင်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့မှ အများဆုံး ထွက်ရှိကြောင်း သိရှိရသည်။ ၎င်းဒေသတို့မှထွက်ရှိသော နာနတ်သီးများကို မြန်မာပြည်အနှံ့အပြား သို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပြီး ပခုက္ကူဈေးကွက်သို့ သီပေါနှင့် ကျောက်မဲမြို့ တို့မှ နာနတ်သီးများဈေးကွက်သို့ ဝင်ရောင်မှုများပြီး ဈေးနှုန်းငယ်ကျဆင်းကြောင်းသိရှိရသည်။
ပခုက္ကူမြို့၏အနောက်ဘက် ပန်းခြံဈေး၊ မြို့မစည်ပင်ဈေးနှင့် သစ်သီးဆိုင်များတွင် နာနတ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ဈေးနှုန်း အနေဖြင့် နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်(၂၀၀၀-၁၅၀၀)၊ အလတ်တစ်လုံးလျှင် ကျပ် (၁၅၀၀)၊ အသေးတစ်လုံးလျှင် ကျပ်(၈၀၀)၊ (၃)လုံးလျှင် ကျပ်(၂၀၀၀)ဖြင့် အရွယ်အစားကိုလိုက်၍ ရောင်းချလျက်ရှိကြောင်း၊ ဝင်ရောက်လာသော နာနတ်သီးများကို လက်လီရောင်းချနေသော ဈေးသည်များကလည်း တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
နာနတ်သီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေသည့် အပြင် သွေးအတွင်း မကောင်းသော အဆီဓာတ်များကိုပါ လျော့ချနိုင်သောကြောင့် သွေးတိုး ရောဂါဖြစ်ပွားခြင်းများကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ ထို့ပြင် မျက်စိအမြင်အာရုံကို အထောက် အကူဖြစ်စေသော ကျန်းမာရေးဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှုများခြင်းအပြင် ယခုအချိန်မှာ ဝါတွင်းကာလဖြစ်၍ ဝယ်ယူမှုများကြောင်း ဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)