Main menu

ဆိပ်ဖြူကြက်သွန်နီ ဩဂုတ်လ(ပထမပတ်) ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီအဝယ် လိုက်သော်လည်း ဈေးနှုန်းသိသိသာသာမြင့်တက်ခြင်းမရှိကြောင်း၊ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ဒေသတွင်း ကျေးရွာများမှဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ(၃) သောင်းခန့်  ဝင်ရောက်ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေး လိုက်၍ တောဈေး(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀)၊ အလတ်ဈေး ကျပ်(၉၀၀)၊ အနိမ့်ဈေး ကျပ်(၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဇူလိုင်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ တောင်သူများမှ ကြက်သွန်နီဈေးကျဆင်းသော်လည်း ရာသီကုန်ချိန်နီးလာပြီဖြစ်၍  ရောင်းချမှုများ လာကြောင့် မြို့ပေါ်ရှိပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသော ဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး(ရှယ်) ကျပ်(၁၇၅၀)၊ လတ်ကြီးတစ်ပိဿာလျှင် ကျပ် (၁၆၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၃၀၀)ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၈၀၀- ၁၅၀၀- ၁၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဩဂုတ်လ (ပထမပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သိန်းခန့်၊ တန်ချိန်အားဖြင့် (၃၂၇)တန်ခန့် ကုန်စည် စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မ‌ကွေး)