Main menu

ပခုက္ကူဈေးကွက်တွင် ပဲစဉ်းငုံသီးနှံဈေးအနည်းငယ်ကျဆင်းအရောင်းအဝယ်ဖြစ်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ဩဂုတ်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံသီးနှံများ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ သီးနှံပေါ်စတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပ ဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံ သီးနှံကို ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက် သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည် ဖြန့်ဖြူးမှုများကြောင်း၊ ဩဂုတ်လ(ဒုတိယပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီပိဿာ(၃၀)ဝင် အိတ် (၃၀၀-၃၅၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီတစ်တင်းလျှင် အရောင်းအဝယ်ဖြစ်သောဈေးနှုန်းမှာ ဖေဖော် ဝါရီလတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် အမြင့်ဈေး ကျပ်(၉၃၀၀၀-၉၂၀၀၀)၊ မတ်လတွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၄၅၀၀-၉၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဧပြီလတွင် တစ်တင်းလျှင် ကျပ်(၉၃၀၀၀-၉၂၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မေလတွင် တစ်တင်းလျှင် ကျပ် (၇၈၀၀၀-၇၅၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၈၆၀၀၀-၈၅၀၀၀)ဖြင့် ဈေးတက်၍အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ(တတိယပတ်)တွင် ဈေးဆက်လက်မြင့်တက်၍ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၈၈၀၀၀-၈၅၀၀၀)ဈေးဖြင့်အရောင်းအဝယ် ဖြစ်ပြီး  ယခုဩဂုတ်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၈၇၀၀၀-၈၄၀၀၀)ဖြင့် ဈေးနှုန်း အနည်းကျဆင်းအရောင်းအဝယ်ဖြစ်ပြီး  ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ် ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအားပေါ်မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မ‌ကွေး)