
ကျွန်းလှမြို့ရှိ သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီး နှင့် ဒညှင်းသီးကို မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
ဩဂုတ်လဒုတိယပတ်တွင် ရောင်းချနေသော နာနတ်သီးဈေးနှုန်းများမှာ မဲဇာနာနတ်သီးအကြီးတစ်လုံးလျှင်(၅၀၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၃၀၀၀)ကျပ် နှင့် မန္တလေး နာနတ်သီး အကြီး တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ဒညှင်းသီး ဈေးနှုန်းများမှာ ဒညှင်းသီး အကြီး တစ်လုံးလျှင်(၂၀၀)ကျပ် နှင့် အသေး တစ်လုံးလျှင်(၁၀၀/၁၅၀)ကျပ်၊ ဒညှင်းသီး အပြုတ် အကြီး တစ်လုံးလျှင်(၂၅၀)ကျပ်၊ အသေးတစ်လုံး လျှင်(၂၀၀)ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)