Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့်  ပဲတီစိမ်းဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းပဲတီစိမ်း (၂၂၂၁၄) ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရ သည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၈၈၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၉၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲတီစိမ်းရိုးရိုး(၁)တင်းလျှင် (၁၀၀၀၀)ကျပ်နှင့် ထွက်တိုး(၁)တင်း လျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းဆက်လက် မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ နယ်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း၊ သီးနှံရောင်းဝယ် ရေးလုပ်ငန်းရှင် များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)