Main menu

“ပန်းတိမ်ငိုပန်းစျေးနှုန်းနှင့်စျေးကွက်”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊ပြင်ဦးလွင်ခရိုင်သည် ရာသီဥတုအေးမြသော တောင်ပေါ်မြို့လေး ဖြစ်ပြီး မြေဆီမြေလွှာကောင်းမွန်သောကြောင့် နှစ်ရှည်သီးနှံများ၊ ရာသီပေါ်သီးနှံများ၊ ပန်းပေါင်းစုံ ကိုလည်းမိရိုးဖလာစိုက်ပျိုးသောတောင်သူများလည်းရှိပါသည်။ပန်းတိမ်ငိုပန်းမှာလည်း စိုက်ပျိုးစရိတ် သက်သာပြီး တောင်သူများအတွက် တွက်ခြေကိုက်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို စိုက်ပျိုးရာတွင် ကိုင်းထိုးခြင်းနှင့်အမြစ်ရှိဥများမှ စိုက်ပျိုးခြင်းဟူ၍(၂)မျိုးစိုက်ပျိုးနိုင်ပါသည်။ဥများကို ဖေဖော်ဝါရီလတွင်စိုက်ပျိုးပြီး ဇူလိုင်လ နှင့် သြဂုတ်လများတွင် အပွင့်ခူးဆွတ်နိုင်ပါသည်။ ပန်းတိမ်ငို ပန်းသည် အေးမြသော ရာသီဥတုကိုကြိုက်ပြီး မိုးရာသီတွင် ဖူးပွင့်သောပန်းဖြစ်ပါသည် ။ ဘုရားပန်း အဖြစ်သာမက အခမ်းအနားများတွင်လည်း အလှဆင်သော ပန်းတစ်မျိုးဖြစ်ပါသည် ။ တစ်ထပ် ၊ နှစ်ထပ်၊သုံးထပ် ပန်းတိမ်ငိုဟူ၍ (၃)မျိုးရှိပြီး အရောင်မှာအဖြူ၊ခရမ်း၊ပန်းရောင်ဟူ၍ အရောင်များရှိပါ သည်။ ယခုလက်ရှိ ပြင်ဦးလွင်ပန်းစျေးကွက်တွင် သစ္စာပန်း၊ ကျောက်စိမ်းနှင်းဆီ ၊သပြေ၊ ဂန္ဓမာပန်း မျိုးစုံအပြင် ပန်းတိမ်ငို (၁၀)ပင်စီး တစ်စည်းလျှင်(၃၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး နေ့စဉ် ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော်မြို့များသို့ Express ကားများဖြင့် တင်ပို့ရောင်းချရကြောင်း ၊ ကံကြီးကုန်း၊ အောင်ချမ်းသာ ပန်းစိုက်ပျိုးသူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)