
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ ပုဇွန် ဆိတ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပုဇွန်ဆိတ်ဈေး နှုန်းများမှာ ပုဇွန်ဆိတ်(အကြီး)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ပုဇွန်ဆိတ် (အကြီး) (၅၀)ကျပ် သားလျှင် (၂၀၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အကြီး) (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အ သေး)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အသေး) (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အသေး) (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းငါး ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။
DOCA (စစ်ကိုင်း)