Main menu

မန္တလေးမြေထောက်ပဲစျေးနှုန်းစျေးကွက်

Powered by Drupal

    မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါ သည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင် မြေထောက်ပဲပေါက်စျေးမှာ ၂၇၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ၅၀၀၀ကျပ်နှင့် ၅၅၅၆ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်နှင့် ၃၄၅၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၅၅၆ကျပ်နှင့် ၆၃၈၉ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ်စျေး နှိုင်းယှဉ်ပါက မြေထောက်ပဲ ပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။    

DOCA(မန္တလေး)