
ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြားသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လဒုတိယ ပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၄၇၀၀၀၀ကျပ် နှင့် ၄၈၀၀၀၀ ကျပ်၊ ပဲနီပြား(တံတားဦး) ၂၉၀၀၀၀ ကျပ်နှင့် ၄၀၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲနီပြား(ကျွန်း) ၈၅၀၇ကျပ်နှင့် ၈၆၈၈ ကျပ်၊ ပဲနီပြား(တံတားဦး)၅၂၄၉ကျပ်နှင့်၇၂၄၀ ကျပ်တို့ဖြစ် ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား ၃၇၀၀၀၀ကျပ် နှင့် ၄၀၀၀၀၀ကျပ်၊ ပဲနီပြားတစ်ပိဿာစျေးမှာ ၆၆၉၇ ကျပ်နှင့်၇၂၄၀ကျပ်တို့ဖြစ်ကြောင်း သိရပါ သည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်းယှဉ်ပါက ပဲနီပြားမှာ စျေးပိုမိုရရှိကာ အရောင်းသွက်လျက်ရှိ ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)