Main menu

မန္တလေးပဲလွန်းပြာစျေးကွက်

Powered by Drupal

ပဲလွန်းပြာမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ် ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ပဲလွန်းပြာ ၂၀၂၀၀၀ ကျပ်နှင့် ၂၀၃၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၇၂၄ ကျပ်နှင့် ၃၇၄၂ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ် လျှင် ပဲလွန်းပြာ ၂၆၀၀၀၀ ကျပ်၊ တစ်ပိဿာစျေး ၄၇၉၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှင့်ယခုနှစ် စျေး နှိုင်းယှဉ်ပါက ပဲလွန်းပြာစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)