Main menu

ရွှေပဲသီးစျေးနှုန်းစျေးကွက်

Powered by Drupal

     သြဂုတ်လဒုတိယပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ရွှေပဲသီးဝင်ရောက်မှု လျော့နည်းသည့်အတွက် စျေးအနည်းငယ်တက်သွားကြောင်း သိရပါသည်။ မန္တလေးမြို့ ၄၁လမ်းဈေး နှင့် သီရိမာလာဈေးတို့တွင် မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်ဒေသတို့မှ ထွက်ရှိသော ရွှေပဲသီးသီးနှံများ ဝင်ရောက်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လဒုတိယ ပတ်အတွင်း ရွှေပဲသီးတောင့်တစ်ပိဿာလျှင် လက္ကားစျေး  ၆၅၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်၊ လက်လီစျေး ၈၅၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်၊ ‌ရွှေပဲသီး အရွက်(၁၀ စည်းပါ)တစ်စည်းလျှင် လက္ကား စျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချ လျှက်ရှိပြီး၊ဝင်ရောက်မှုလျော့နည်းသော်လည်း အရောင်းသွက်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချ သူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)