
မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှ ထွက်ရှိသည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ ကုန်စိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ မိုးရာသီလမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် ဝင်ရောက်မှုနည်းသည့်အတွက် စျေးအနည်းငယ်တက်သွား ကြောင်း သိရပါသည်။ ဈေးကွက်အတွင်းတွေ့ရသော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့် ထိုင်ဝမ်မျိုး မုန်လာဥနီအမျိုးအစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံးဝင် ရောက်သည့်ကုန်စိမ်း အမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေး နှင့်သီရိမာလာ စျေး တို့တွင် ၂၀၂၅ ခုနှစ်သြဂုတ်လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ပေါက်ဈေးမှာ တစ်ပိဿာ လျှင် လက္ကားဈေး မုံလာဥနီ (ဒေသမျိုး) ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ်၊ မုံလာဥနီထိုင်ဝမ်မျိုး ၈၅၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်၊ လက်လီဈေးအနေဖြင့် မုန်လာဥနီ ဒေသမျိုး ၄၀၀၀ကျပ်နှင့် ၅၀၀၀ကျပ်၊ မုန်လာဥနီ ထိုင်ဝမ်မျိုး ၉၅၀၀ကျပ်နှင့် ၁၀၀၀၀ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။
DOCA( မန္တလေး)