Main menu

ရာသီစာ မှိုစျေးကွက်အရောင်းသွက်

Powered by Drupal

  မန္တလေးစျေးကွက်သို့  မိုးရာသီကာလအတွင်း မှိုအမျိုးမျိုး   ဝင်ရောက်လျက်ရှိပြီး၊   တွေ့ရှိမှု များသော အမျိုးအစားများမှာ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ရှီတာကီမှို၊ တောင်ပို့မှို၊ ဝါးမှိုများ ဖြစ်ပါ သည်။   စျေးကွက်အတွင်း သဘာဝအတိုင်းထွက်ရှိသည့်မှို နှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုး တွေ့ ရှိရပါတယ်။ မန္တလေးဒေသအတွင်း  စိုက်ပျိုးထွက်ရှိသည့်မှိုအမျိုးမျိုးတို့အား  တစ်နှစ်ပတ်လုံး တွေ့ရှိရပြီး၊ အများဆုံးတွေ့ရသော  မှိုအမျိုးအစားများဖြစ်သည့် ငေွနှင်းမှုံမှို၊ ကောက်ရိုးမှိုနှင့် အပ်မှို တို့မှာ အရောင်းသွက် ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လ ဒုတိယပတ်အတွင်း  မန္တလေး စျေးကွက်ရှိ  မိုးရာသီစာဖြစ်သည့်  မှိုတစ်ပိဿာစျေးများမှာ   ငွေနှင်းမှုံမှို  လက္ကားစျေး  ၇၀၀ဝိ/-  စျေး၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊  ကောက်ရိုးမှို လက္ကားစျေး ၈၀၀ဝိ/-၊လက်လီစျေး ၉၅၀ဝိ/- နှင့် ၉၀၀ဝ/- ၊  အပ်မှိုထုတ်တစ်ထုတ် (အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး  ၄၀၀၀ဝိ/- နှင့်  လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၄၅၀ဝိ/- စျေးဖြင့် အရောင်းသွက်လျှက်ရှိကြောင်း  မှိုရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။ 

DOCA(မန္တလေး)