
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌမှ ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် မီးသတ် ဦးစီးဌာန၊ခရိုင်ရဲတပ်ဖွဲ့ ပူးပေါင်းပါဝင်သော အဖွဲ့သည် ရွှေဘိုမြို့နယ် တက္ကသိုလ်လမ်းရှိ မြတ်မေတ္တာမွန် စက်သုံးဆီ အရောင်းဆိုင်သို့ သွားရောက်၍ ဆိုင်ဖွင့်လှစ်မှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ ဆီ (Bowser)ယာဉ်များ ဖြန့်ခွဲ ရောက်ရှိမှု၊ စက်သုံးဆီဖြန့်ခွဲမှု ၊ လက်ကျန်အခြေအနေများနှင့် စက်သုံးဆီဆိုင်များ၏ အချိန်အတွယ်၊ အရည်အသွေး စသည့် အခြေအနေများကို စစ်ဆေးမေးမြန်းဆောင်ရွက်ခဲ့ပြီး၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လည်း စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လိုအပ်သည်များကို အသိ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (စစ်ကိုင်း)