
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများ သည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း ၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း စိုက်ပျိုး၍ အနယ်နယ် အရပ်ရပ်သို့ တင်ပို့ ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ခုနစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ကျောက်ဖရုံသီး စျေးနှုန်းမှာ (၁) လုံးလျှင် (၅၀၀၀) ကျပ်၊ အလုံးလှလျှင် (၁)လုံးကို (၈၀၀၀)ကျပ်၊ ရွှေဖရုံသီး စျေးနှုန်းမှာ ( ၁ ) လုံးလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်လည်ကောင်း၊ အလုံးလှလျှင် (၅၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)