Main menu

အုတ်ဖိုမြို့တွင် ငရုတ်သီးစိုက်တောင်သူများ တွက်ခြေကိုက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်တွင် နေ့စဉ်စားသုံးနေသော စားဖိုဆောင် သီးနှံများတွင် ငရုတ်သီးသည် မပါမဖြစ်အသီးအနှံတစ်မျိုးဖြစ်သည်။ထို့ကြောင့်အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဒေသတွင်းငရုတ်စိုက်တောင်သူများနှင့်တွေ့ဆုံ၍  တစ်ဧက စိုက်ပျိုးစရိတ်နှင့်အကျိုးအမြတ်ရရှိနိုင်မှု အခြေအနေအား ကွင်းဆင်းစုံစမ်းခဲ့ပါသည်။

     အုတ်ဖိုမြို့နယ်ငရုတ်စိုက်တောင်သူများသည် မိုးကြိုငရုတ်နှင့်မိုးငရုတ်ဟူ၍ နှစ်ကြိမ် စိုက်ပျိုး ကြ ကြောင်း မိုးကြိုငရုတ်သီးကို ဖေဖော်ဝါရီလအတွင်းပျိုးထောင်၍ ဧပြီလအတွင်းစိုက်ပျိုးကြပြီး ဇူလိုင် လတွင်ဆွတ်ခူးကြရကြောင်း မိုးငရုတ်ကိုဧပြီလတွင်ပျိုးထောင်ပြီး ဇွန်လတွင်စတင် စိုက်ပျိုး ကြပြီး ဇူလိုင်လ/ဩဂုတ်လများတွင် ဆွတ်ခူးရကြောင်းသိရပါသည်။

    တစ်ဧကကုန်ကြစရိတ်အနေဖြင့် မြေပြုပြင်စရိတ် ၂၄၀၀၀၀ကျပ်၊မြေဆီနှင့်နွားချေး ၃၆၀၀၀၀ ကျပ်၊မျိုးစေ့ဖိုး ၁၈၀၀၀၀ ကျပ်၊ဆေးဖြန်းခြင်းအတွက် ၈၀၀၀၀ ကျပ်၊စိုက်ပျိုးချိန်နှင့်ခူးဆွတ်ချိန် လုပ်သားခ ၄၅၀၀၀၀ ကျပ်၊ရေသွင်းခ ၂၀၀၀၀၀ခန့်ဖြင့် စုစုပေါင်း ၁၅၀၀၀၀၀ ကျပ်ခန့် ကုန်ကြနိုင် ကြောင်းစုံစမ်းသိရှိရပါသည်။

     စိုက်ပျိုးရာတွင် မြေကိုထယ်ရေးနက်နက်ထွန်ရေးညက်ညက်ထွန်၍ ဒရိုလာ ၂စပ်စိုက်ပြီး ဘောင်ဖြင့် ပျိုးခုံပြုလုပ်ရပါသည်။ပျိုးပြီး ၄၅ရက်သားအရွယ် ရွက်တက်၅ရွက်ခန့်ထွက်လျှင် ပင်ကြားတန်းကြား ၂ပေ၊၂.၅ ပေထား၍ ဘောင်တင်စိုက်ပျိုးရပြီး တစ်ဧကလျှင် အပင်၈၀၀၀ခန့် စိုက်ပျိုးရပါကြောင်း စိုက်ပြီး၂လအကြာတွင် ပန်းပွင့်ပြီးအသီးစတင်ခူးဆွတ်နိုင်ပြီး အနည်းဆုံး ၅ကြိမ်ခန့်ခူးဆွတ်ရကြောင်း တကြိမ်လျှင် ပိဿာ ၅၀၀ ရရှိပြီး ကာလပေါက်ဈေးတစ်ပိဿာ ၃၀၀၀ ကျပ်ဖြင့် ဝင်ငွေ ၁၅၀၀၀၀၀ ကျပ်ရရှိပါကြောင်း အသီးကုန်ချိန်အထိ ဝင်ငွေ ၇၅၀၀၀၀၀ ကျပ်အထိ ရနိုင်၍ အကျိုးအမြတ် ၆၀၀၀၀၀၀ ကျပ်ခန့်ရနိုင်၍ တွက်ခြေကိုက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)