
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် ဇူလိုင်လ နောက်ဆုံးပတ်တွင် မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ၉၅၀၀၀ ကျပ်ရှိခဲ့ပြီး၊ဩဂုတ်လပထမပတ်တွင် ဈေးနှုန်းများမှာ မတ်ပဲ ၉၆၃၆၀ကျပ်၊ပဲယင်း ၂၀ပိဿာတစ်တင်းကို ၇၇၂၇၀ ကျပ်၊ပဲပုပ် ၂၀ပိဿာ တစ်တင်းကို ၈၈၂၀၀ ကျပ်၊ စားတော်ပဲတစ်ပိဿာကို ၈၅၀၀ ကျပ်၊ပဲဖြူလေးတစ်ပြည်ကို ၇၅၀၀ ကျပ်၊ကုလားပဲတစ်ပြည်ကို ၈၀၀၀ ကျပ်၊ဘိုကိတ်တစ်ပြည်ကို ၇၀၀၀ ကျပ်၊ပဲနီစေ့တစ်ပြည်ကို ၁၀၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ပဲမျိုးစုံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)