
ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော CP ကြက်သားများ ဩဂုတ်လ ဆန်းပိုင်းမှစတင်၍ ဈေးနှုန်းမြင့်တက်လာရာ ယခုဩဂုတ်လ ဒုတိယပတ်တွင် CP ကြက်သား အကောက်လိုက် တစ်ပိဿာလျင် (၂၂၀၀၀)ကျပ် ၊ရင်အုပ်သီးသန့် တစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ ပေါင်တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ် ပေါက်ဈေးဖြင့် ရောင်းချလျက်ရှိ ပါသည်။
CP ကြက်သား ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ကြက်စာ ဈေးနှုန်းများ မြင့်တက်ခြင်း၊ သယ်ယူစရိတ်များမြင့်တက်ခြင်း၊ CP ကြက်သားဝင်ရောက်မှု နည်းပါလာ ခြင်းတို့ကြောင့် ဖြစ်သည်ဟု ရွှေဘိုမြို့ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော အသား/ငါး ဒိုင်များမှ သတင်း ရရှိသည်။
DOCA (စစ်ကိုင်း)