
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ရှိ စပါးဈေးကွက်အနေဖြင့် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဆင်းသုခ၊မနောသုခဟောင်း ၄၆ပေါင်တစ်တင်းလျှင် ၁၅၆၄၀၀၀ ကျပ်၊နွေစပါး သစ် ၄၆ပေါင် တစ်တင်းကို ၁၁၉၆၀၀၀ ကျပ်ရှိခဲ့ပြီး ဩဂုတ်လပထမပတ်တွင် ဆင်းသုခ၊မနောသုခ ဟောင်း ၄၆ပေါင်တင်း ၁၀၀ လျှင် ၁၃၈၀၀၀၀ ကျပ်၊နွေစပါးသစ် ၄၆ ပေါင်တင်း ၁၀၀ ကို ၁၂၈၈၀၀၀ ကျပ်သာရှိခဲ့ပါသဖြင့် စပါးဈေးအတည်းငယ် ကျဆင်းသွားပါကြောင်း စပါးကုန်သည်တစ်ဦးထံမှ သိရှိ ရပါသည်။
ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊မနောသုခ တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊အဟောင်းတစ်ပြည် လျှင် ၃၅၀၀ ကျပ်၊ဆန်သစ်တစ်အိတ်လျှင် ၆၂၀၀၀ ကျပ်၊အဟောင်းတစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ကောက်ညှင်းဆန်တစ်အိတ်လျှင် ၉၀၀၀ ကျပ်၊ ရတနာတိုးတစ်ပြည်လျှင် ၆၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)