
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဩဂုတ်လပထမပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥဈေးနှုန်းများမှာ ကြက်ဥ (ကြီး)တစ်လုံးလျှင် (၅၅၀)ကျပ်၊အလတ်တစ်လုံးလျှင် (၅၀၀) ကျပ်၊အသေးတစ်လုံးလျှင် (၄၂၀) ကျပ် တို့ဖြင့်အရောင်းဝယ်ဖြစ်လျက်ရှိနေပါသည်။
ဘဲဥဈေးနှုန်းများမှာ(ကြီး) တစ်လုံးလျှင် ၆၅၀ ကျပ်၊အလတ်တစ်လုံးလျှင် ၆၀၀ ကျပ်၊အသေး တစ်လုံးလျှင် ၅၅၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။မိုးတွင်းကာလတွင် တစ်နေ့ရောင်းအား အခြေအနေမှာ အလုံးရေ ၃၀၀၀ လုံးမှ ၃၅၀၀ လုံးထိ ရောင်းချရပါကြောင်း ကြက်ဥ/ဘဲဥရောင်းချသူ လုပ်ငန်းရှင်ထံမှသိရှိရပါသည်။
DOCA(ပဲခူး)