
ကြက်တက်ရွက်ဆိုသည်မှာ ကြက်တက်ပင်မှရရှိသော အရွက်နုလေးများ ဖြစ်ပါသည်။ ကြက်တက်ပင် အမြင့်မှာ လူကြီးခါးလောက်သာရှိပြီး ၎င်းအပင်မှ ထွက်ရှိလာသော အရွက်နုလေး များအား ပြုတ်၍ ရေစင်အောင်ညှစ်ပြီး အလုံးလေးများဖြစ်အောင်စုပ်ပြီး ရောင်းချကြပါသည်။
ကြက်တက်ရွက်ပြုတ်အား လက်ဖက်ကဲ့သို့ သုပ်စားရသောရာသီစာတစ်မျိုးဖြစ်ပါသည်။ အလေ့ကျပေါက်သောအပင်ဖြစ်သောကြောင့် မိုးရာသီတွင် လှိုင်လှိုင်ပေါ်လေ့ရှိပါသည်။ တောင်ငူမြို့ အနီး ဝန်းကျင်ရှိ ကျေးလက်ဒေသနေပြည်သူများမှ အလေ့ကျပေါက်သောကြက်တက်ရွက်များအား ခူး၍ ပြုတ်ပြီး တောင်ငူမြို့ပေါ်ရှိနီးစပ်ရာဈေးများသို့ လာရောက်ရောင်းချလေ့ရှိပါသည်။
ကြက်တက်ရွက်တွင် ခန္ဓာကိုယ်အတွက်အကျိုးဖြစ်ထွန်းစေသော ဗီတာမင်ဓါတ်များစွာပါဝင် သလို သွေးတွင်းအဆီကျစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ဝမ်းချုပ်သက်သာခြင်းနှင့် အသား အရေလှစေသောကြောင့် ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေသော ဟင်းလျာတစ်မျိုးဖြစ်ပါ သည်။
ကြက်တက်ရွက်ဈေးနှုန်းများအနေဖြင့် ကြက်တက်ရွက် တစ်စုပ်စာ အလုံးလေး (၅) လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းရွက်ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။