Main menu

တောင်ငူမြို့၊ညောင်ပင်လေးဈေးတွင် ဩဇာသီးများ ဈေးကောင်း

Powered by Drupal

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှ ဝင်ရောက် လာသော ဩဇာသီးများမှာ ဈေးကောင်းရလျှက်ရှိပါသည်။ ဩဇာသီး၏အရသာမှာ အချိုဓာတ် လေးလေး ပင်ပင်ရှိသောကြောင့် အင်မတန်အရသာထူးသော အသီးတစ်မျိုးဖြစ်ပါသည်။

          ထို့ပြင် လူသားများအတွက် ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော အဟာရဓာတ်များ အများအပြားပါဝင်ပါသည်။ ဩဇာသီးမှာ အသီးသာမက အစေ့၊ အရွက်နှင့် အမြစ်များပါမကျန် ဆေးဖက်ဝင်ကြောင်း လေ့လာသိရှိရပါသည်။အမျှင်ဓါတ်ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှကာကွယ် ပေးပါသည်။ ဩဇာရွက်ကိုကြိတ်၍ သောက်သုံးပေးခြင်းဖြင့် သန်ကောင်နှင့်တုတ်ကောင်များကို ကျစေနိုင်ပါသည်။ အစာခြေစနစ်ကောင်းမွန်သောကြောင့် ထမင်းစားပြီးတိုင်း မှီဝဲသင့်သော အသီး တစ်မျိုးဖြစ်ပါသည်။

          ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှ ဝင်ရောက်လာသော ဩဇာသီးများမှာ အလုံးကြီး၊ လတ်၊ သေး အလိုက် (၁)လုံးလျှင် ၇၀၀ ကျပ်၊ ၈၀၀ကျပ်နှင့် ၁၀၀၀ ကျပ်အထိ ဈေးကောင်းရ လျှက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အသီးရောင်းချသူတစ်ဦးထံမှ လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)