
စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူခရိုင် စုပေါင်းရုံး၊ ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားအား တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က MEVM စက်ကိုင်တွယ်အသုံးပြုပုံ၊ မဲပေးပုံနည်းစနစ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြောင်း၊ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်း (၁၀၀)ဦးခန့်က လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ခရိုင်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အား ပိတ်ခြင်း၊ မဲရလာဒ်များအား ရေတွက်ခြင်း စသည့် တို့ကို ဆက်လက်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ကလည်း လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
DOCA (စစ်ကိုင်း)