
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း မျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက် ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ဝက်သားဈေးနှုန်းများမှာ ပေါင်သား(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း အမဲသားသန့်(၁)ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ရိုးရိုး(၁)ပိဿာလျှင် (၂၂၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ဝက်သားနှင့် အမဲသားများကို အိမ်ရှင်မများက ဝယ်ယူကြသလို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များက ဝယ်ယူလျှက်ရှိကြောင်း၊ အသားရောင်းဝယ်ရေး လုပ်ငန်း ရှင်များထံမှ သိရှိရသည်။
DOCA (စစ်ကိုင်း)