
မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသော သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ဒေသမျိုးဖြစ်သည့် မန္တလေးရင် ကွဲ၊ မချစ်စုသရက်နှင့် သကြားသီး(ခေါ်)ထန်းကုန်းသရက်မျိုးများ စိုက်ပျိုးကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချနေ သော သရက်သီးဈေးနှုန်းများမှာ မန္တလေးရင်ကွဲ အကြီး(၁)လုံးလျှင် (၇၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် သရက်ပြင်(၁)ပိဿာလျှင် (၁၀၀၀၀မှ ၁၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း သရက်သီးများ အဝင်နည်းလာ၍ သရက်ပြား ထုတ်လုပ်မှုလျော့နည်းလာကြောင်း၊ သရက်ပြားနှင့် သစ်သီးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)