
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများအပြင် ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြ ကြောင်းသိရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီ ရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိ သောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေး ရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဒေသထွက်နဂါးမောက်သီးများ ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ် တွင် နဂါးမောက်သီးဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် (၅၀၀မှ ၈၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၁၂၀၀မှ ၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နဂါးမောက်သီးများသည် ဒေသထွက်ဖြစ်သည့်အတွက် ဈေးနှုန်းချိုသာခြင်း၊ အသီးလတ်ဆတ်မှုရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)