
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပန်းပင်စိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိ ကြပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်၌ မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပန်းဈေးနှုန်းများ အနေဖြင့် သပြေပန်း ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ အာဆီယံသပြေ ( ၁ )စည်းလျှင် ( ၈၀၀)ကျပ်၊ သပြေ ငုတ်ကြီး(၁)ငုတ်လျှင် (၁၅၀၀)ကျပ်နှင့် သပြေ ငုတ်သေး (၁)ငုတ်လျှင် (၁၀၀၀)ကျပ်၊ ရွက်လှ ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ ခရေပန်း ( ၁ )ကုံးလျှင် ( ၂၀၀)ကျပ်၊ ကံကော်ပန်း ( ၅ )ကုံးလျှင် ( ၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အဖြူ၊ အညို ( ၁ )စည်းလျှင် (၂၀၀၀)ကျပ်၊ ပန်းတိမ်ငို ( ၁ )စည်းလျှင် ( ၁၅၀၀)ကျပ်၊ စပယ်ပန်း ( ၅ ) ကုံးလျှင် ( ၁၀၀၀)ကျပ်၊ ဖြင့် ရောင်းချကြောင်း သိရသည်။
DOCA (စစ်ကိုင်း)