Main menu

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ် ၊ ဇူလိုင်လအတွင်း အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်များအားအသိပညာပေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ၄၊ ပုဒ်မခွဲ(ဂ)အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများအား မှတ်ပုံတင်ရယူ၍  ဆောင်ရွက်ရန်အတွက် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဇူလိုင်လအတွင်း အသိပညာပေးခြင်းလုပ်ငန်းများ  (၆) ကြိမ် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          လုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးဆောင်ရွက်ရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)