Main menu

“ပန်း‌ဂေါ်ဖီစိမ်းစျေးနှုန်းစျေးကွက်”

Powered by Drupal

    ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ကလောမှ ပန်းဂေါ်ဖီအစိမ်းများ  ကျောက်ဆည်ခရိုင် အတွင်းသို့ရောက်ရှိပြီး စားသုံးသူပြည်သူများကြိုက်နှစ်သက်၍ အရောင်းအဝယ်ဖြစ်လျှက်ရှိရာ အစိမ်းရင့်ရောင်ပန်းဂေါ်ဖီစိမ်းသည် အဟာဓါတ်ကြွယ်ဝပြီး အစာခြေဖျက်ခြင်း၊နှလုံးသွေးကြောစနစ်၊ ကိုယ်ခံအားကောင်းမွန်ခြင်း၊ကင်ဆာကာကွယ်နိုင်သည့်ဓါတ်တိုးပစ္စည်းများ များစွာပါဝင်ပါသည်။ ဆိုဒီယမ်နှင့်ကယ်လိုဒီပါဝင်မှုနည်းပါးပြီး အဆီလုံးဝမပါဝင်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သော ကြောင့် ‌ရောင်းလိုအားဝယ်လိုအားကောင်းလျှက်ရှိရာ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကုန်စိမ်းသည် များမှ ရှမ်းပြည်နယ်မှထွက်ရှိသော ပန်းဂေါ်ဖီစိမ်းများအား ဝယ်ယူရောင်းချလျှက်ရှိကြောင်းသိရှိရပါ သည်။ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးနှင့်မြို့မစျေးများတွင် ပန်းဂေါ်ဖီစိမ်း လက်ကားစျေး နှုန်းအနေဖြင့်အကြီးတစ်ပွင့်လျှင်(၁၃၀၀/-)ကျပ်၊အသေးတစ်ပွင့်လျှင်(၁၀၀၀/-)ကျပ်စျေးနှုန်းများရှိပြီး

    လက်လီစျေးအနေဖြင့်  အကြီးတစ်ပွင့်လျှင်(၂၀၀၀/-)ကျပ် ၊ အသေးတစ်ပွင့်လျှင်(၁၅၀၀/-)ကျပ်  စျေးနှုန်းများဖြင့် ‌ရောင်းဝယ်လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)