
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ ဈေးဆိုင်များ၌ အသင့်သောက် ကော်ဖီနှင့် လက်ဖက်ရည်ထုတ်များ၊ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်း ရှင်းစေရန်ရည်ရွယ်၍ (၈-၈-၂၀၂၅) နေ့၊နံနက် ၉ နာရီ အချိန်က ညောင်တုန်းမြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်အတွင်း အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့် ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ သွားတိုက်ဆေးအမျိုးမျိုး စသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး စတိုးနှင့် ကုန်စုံဆိုင်များရှိ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)